ကလေးစာဖတ်ခန်း

ကလေးစာဖတ်ခန်းအတွင်း ကလေးအကြိုက် ကာတွန်းရုပ်ပြများ၊ ပညာပေးပုံပြင်များ၊ ကလေး စာပေများကို ခင်းကျင်းပြသထားပြီး ကလေးများဆော့ကစားနိုင်ရန် အရုပ်ဆက်ပစ္စည်းများ၊ ဆေးရောင်ချယ် ပစ္စည်းများ စသည့် ကလေးကစားစရာများ၊ ကလေးများကာတွန်းကြည့်ရှုနိုင်ရန် အတွက် ကာတွန်းရုပ်ရှင် ဇာတ်လမ်းများကိုလည်း ကလေးများ စိတ်ချမ်းသာပျော်ရွှင်စေရန် ဖွင့်လှစ် ပြသပေးထားသဖြင့် လာရောက်အပန်းဖြေ ဆော့ကစားရင်း ကလေးစာပေများကို ဖတ်ရှုလေ့လာနိုင် ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre Taunggyi) ရှိ မြေညီထပ်တွင် ကလေးငယ်(၃၀)ဦးအတွက် အားလပ်ချိန်များတွင် စာဖတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း ၊ အရုပ်ခေါက်ခြင်းနှင့် အရုပ်ဆက်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ကလေးစာဖတ်ခန်း ဆောင်ရွက်ထားရှိမှု