တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ စာအုပ်များ ငှားရမ်းပေးလျက်ရှိ
တောင်ကြီး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု လေ့လာတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ် ထိတွေ့မှု ရှိစေရန် ရည်ရွယ်၍ တောင်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီခွဲက စာအုပ်များ သွားရောက် ငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ငှားရမ်းပေးရာ ရွှေညောင်မြို့ အ.ထ.က နှင့် အ.လ.က(ခွဲ) ၃ ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသောကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်များ ငှားရမ်းနိုင်ရေး အသင်းဝင် ကတ်ပြားများဆောင်ရွက်ပေးပြီး၊ သုတရသစာအုပ် ၂၅၀ ကို စနစ်တကျငှားရမ်းပေးလျက်ရှိသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းကို တောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ အလှည့်ကျ သွားရောက်ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင်သစ်များ လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း
၀၉၂၅၀၆၃၃၀၃၈