ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟို ဌာန(Community Centre)၊ Art Space တွင် စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဇူလိုင် ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ် ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် တောင်ကြီးမြို့နယ်ရှိ စာပေပညာရှင်၊ စာရေးဆရာ/မများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ သျှီအင်ကြင်း ရေးသားသော “ ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာစုများ” စာအုပ်တွင်ပါရှိသော စာစုများကို ဖတ်ကြားဆွေးနွေးကြသည်။


