တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ပုံစာအကျဉ်းပေးပို့ခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အင်္ဂလိပ်စာ(4 skill)ကို တတ်ကျွမ်း နားလည်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ သင်တန်းခန်းမတွင် ဩဂုတ်    ၆ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊

တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။