စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌ စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထုတိုများစာအုပ် ထဲမှ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် ကြိုက်နှစ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။






