ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဩဂုတ် ၂၆ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က ပြိုင်ပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ ဘောလုံးပစ်နှင့် ဝင်္ကပါလမ်းကြောင်းရှာပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့သည်။



