ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ကြတဲ့ ဆရာ/ဆရာမများရဲ့ သက်ကြွယ်တွေ့ဆုံပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre Taunggyi)မှာ ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ပါတယ်….
အငြိမ်းစားဆရာ/ဆရာမများရဲ့စည်းလုံးညီညွတ်မှုနှင့် ပြုံးပျော်မှုတွေကိုတွေ့ရပါတယ်…
မုန့်တွေကျွေးကြတယ်…သီချင်းတွေဆိုကြတယ်…
အချင်းချင်းပြောပြီး ပျော်ရွှင်ရယ်မောနေကြတဲ့ ဆရာ/ဆရာမများရဲ့ ပီတိအပြုံးတွေမြင်ရတော့ ကြည်နူးမိပါတယ်… သက်ကြွယ်စာကားဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre Taunggyi)မှာ လစဉ်ကျင်းပသွားမှာဖြစ်တဲ့ အတွက် အငြိမ်းစား ဆရာ/ဆရာမများ မည်သူမဆိုတက်ရောက်နိုင်ပါတယ်…
