တောင်ကြီး ဧပြီ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် အသိပညာဗဟုသုတရရှိပြီး ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် လူထုအခြေပြု ဗဟိုဌာန (Community Centre) နှင့် ရင်းနှီးကျွမ်းဝင်ပြီး မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (Community Centre) ကို အသုံးချတက်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ (၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သင်တန်းသား/သူများစိတ်ပါဝင်စားစွာ သင်ယူ လျက်ရှိကြောင်းသိရသည်။
