စစ်တုရင်ပြိုင်ပွဲကျင်းပ

တောင်ကြီး    ဧပြီ  ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ‌ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် အသိပညာဗဟုသုတရရှိပြီး ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် လူထုအခြေပြု ဗဟိုဌာန (​Community Centre)နှင့် ရင်းနှီးကျွမ်းဝင်ပြီး မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (​Community Centre)ကို အသုံးချတက်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် စစ်တုရင်သင်တန်းကို သင်တန်းသား/သူ (၁၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ညနေပိုင်းက သင်တန်းသား/သူများ စစ်တုရင်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။