ပြပွဲ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်

တောင်ကြီးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပ

တောင်ကြီး မေ ၂၅

 

တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့သည် လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်လျက်ရှိသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဉာဏစွမ်းရည်ပြိုင်ပွဲများကိုကြည့်ရှုအားပေးပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်ပြပွဲ ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် စာအုပ်/စာစောင်ပြပွဲကို မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။