တောင်ကြီးမြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus)ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တောင်ကြီးမြို့မှ တောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ လက်လှမ်း မီစွာ စာပေဖတ်ရှုလေ့လာနိုင်စေရေး၊ စာဖတ်သည့်အလေ့အထများ တိုးပွားလာစေရေး၊ စာပေဖတ်ရှု လေ့လာ ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားရရှိပြီး နိုင်ငံတော်ကအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus ) ဖြင့် စာဖတ်သူထံ အရောက် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့တွင် တောင်ကြီးမြို့နယ်အတွင်းရှိ အမှတ် (၁၁)အခြေခံပညာအလယ်တန်းကျောင်း၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ တောင်လေးလုံး ကျေးရွာရှိ အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်းနှင့် ညောင်ရွှေအကျဉ်းထောင်သို့သွားရောက်ပြီး စာအုပ် စာစောင်များ ကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်(Mobile Library Bus)ပေါ်တွင် သုတ စာအုပ်မျိုးစုံ၊ ရသစာအုပ်မျိုးစုံနှင့် ကလေးစာပေများကို စုံစုံလင်လင်ဖြည့်ဆည်းဆောင်ရွက်ထားပြီး တောင်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများသို့ (၂)ပတ်တစ်ကြိမ်သွားရောက်၍ စာအုပ်များ လှည့်လည်ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။