ဆေးဝါးကျွမ်းကျင်နှင့်အကူသူနာပြုသင်တန်းအမှတ်စဉ်(၅၀)သင်တန်းဆင်းပွဲ

ခိုင်မေတ္တာဆေးရုံ ဆေးဝါးကျွမ်းကျင်နှင့်အကူသူနာပြုသင်တန်းအမှတ်စဉ်(၅၀)သင်တန်းဆင်းပွဲကို မတ် ၈ ရက် နံနက် ၉ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ခိုင်မေတ္တာဆေးရုံ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်ဝင်း၊ ဆရာမဒေါ်ခင်မေသန်းနှင့် ဆရာဦးကျော်သူရဝင်းတို့ကအမှာစကားပြောကြားခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် သင်တန်းဆင်းလက်မှတ်များကိုတစ်ဦးချင်းပေးအပ်ခဲ့ကြပြီး ပထမဆုရရှိသော သင်တန်းသူ မနန်းနှင်းမြတ်ချောက ကျေးဇူးတင်အမှတ်တရစကားပြောကြားခဲ့သည်။ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။