အထောက်အကူပြု လုပ်ငန်း/ တာဝန်

တောင်ကြီးလူထုအခြေပြုဗဟိုဌာန (Communlty Centre)
ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ အမည်စာရင်း


အမည် ရာထူး/ ဌာန တာဝန်
ဦးအေးလှိုင်

ပြည်နယ်လူမှုရေးရာဝန်ကြီး

ရှမ်းပြည်နယ်အစိုးရအဖွဲ့

နာယက
ဦးအေးနိုင်

ညွှန်ကြားရေးမှူး

ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ဥက္ကဌ

ဦးမြင့်လွင်

ဒုတိယညွှန်ကြားရေးမှူးချုပ်

ပြည်နယ်ပညာရေးမှူးရုံး

အဖွဲ့ဝင်

ဦးထွန်းဝဏ္ဏ

ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ

ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

အဖွဲ့ဝင်
ဦးကျော်ကျော်သိန်း

ညွှန်ကြားရေးမှူး

ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန

အဖွဲ့ဝင်

ဦးဇော်မင်း

ညွှန်ကြားရေးမှူး

ပြည်နယ်လူမှုဝန်ထမ်းရုံး

အဖွဲ့ဝင်

ဦးစိုးနိုင်

ညွှန်ကြားရေးမှူး

ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

အဖွဲ့ဝင်

ဦးတင့်လှိုင်

ဥက္ကဋ္ဌ

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကြီးမြို့

အဖွဲ့ဝင်

ဦးအောင်ဆွေမြင့်

ဥက္ကဋ္ဌ

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်ကြီးမြို့

အဖွဲ့ဝင်

ဦးညိုလုံး

မြို့မိမြို့ဖ

အဖွဲ့ဝင်

ဦးသုခ

မြို့မိမြို့ဖ

အဖွဲ့ဝင်

ဦးခင်မောင်ဝင်း

မြို့မိမြို့ဖ

အဖွဲ့ဝင်

ဒေါ်မေမေနီ

ဥက္ကဋ္ဌ

ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း

အဖွဲ့ဝင်

ဦးစိုးညွန့်ရွှေ

ညွှန်ကြားရေးမှူး

ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

အတွင်းရေးမှူး

ဒေါ်ရွှေရွှေမြင့်

ဒုတိယညွှန်ကြားရေးမှူး

ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး(၁)

ဦးနိုင်ဝင်းထွန်း

လက်ထောက်ညွှန်ကြားရေးမှူး

တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

တွဲဖက်အတွင်းရေးမှူး(၂)

တောင်ကြီးလူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များ

၁။        ပုံမှန်အစည်းအဝေးများကို ၃ လ တစ်ကြိမ် ကျင်းပခြင်းနှင့် လိုအပ်ပါက အရေးပေါ် အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း၊

၂။         တောင်ကြီး လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

၃။        တောင်ကြီးလူထုအခြေပြုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုလုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစု၍ လစဉ်လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံ စာကို သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြခြင်း၊

၄။        သတင်းအချက်အလက်ဖြန့်ဝေခြင်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့မှ ပညာပေးဇာတ်လမ်းများ  ထုတ်လွှင့်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ ဓါတ်ပုံပြပွဲပြသခြင်း၊ ဟောပြောပွဲ၊ လက်ကမ်း စာစောင် ထုတ်ဝေခြင်း၊ အသိပညာပေး Talk Show များ ရိုက်ကူးထုတ်လွှင့်ခြင်း၊

၅။        လူငယ်ဖွံ့ဖြိုးဟိုးတက်ရေးအတွက် ပညာရေး၊ အား/ကာတို့နှင့်ပူးပေါင်း၍ သင်တန်းများ၊ အားကစား လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အခြေခံစာကြည့်တိုက်သင်တန်း စာဖတ်ဝိုင်းစသည်ဖြင့် ကျင်းပပြုလုပ်ပေးခြင်း၊

၆။        တောင်ကြီးလူထုအခြေပြုဗဟိုဌာန(Community Centre) ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီ အတွက် ရှမ်းပြည်နယ်အစိုရအဖွဲ့မှ ပေးအပ်သောငွေ၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေ များဖြင့် ရရှိလာသည့် ဘဏ္ဍာငွေများကို သက်ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ အလိုက် စနစ်တကျ ထိန်းသိမ်းနိုင်ရေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ခြင်း၊

၇။        ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှအခါအားလျော်စွာပေးအပ်သည့်တာဝန်များကိုဆောင်ရွက်ခြင်း။