ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီးမြို့၊ ဘက်စုံသုံးခန်းမတွင် သင်တန်းသား ၂၀ ဦးဖြင့် စက်တင်ဘာ ၃၀ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဌာန၏ရည်မှန်းချက်တာဝန်များနှင့်အညီ ပြည်သူများအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည့်လုပ်ငန်းများအားပြောကြားပြီး တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်း က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


