တောင်ကြီး ဧပြီ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် အသိပညာဗဟုသုတရရှိပြီး ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် လူထုအခြေပြု ဗဟိုဌာန (Community Centre)နှင့် ရင်းနှီးကျွမ်းဝင်ပြီး မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (Community Centre)ကို အသုံးချတက်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် စစ်တုရင်သင်တန်းကို သင်တန်းသား/သူ (၁၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ညနေပိုင်းက သင်တန်းသား/သူများ စစ်တုရင်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။
