၂၀၂၄ ခုနှစ် ၊ လူဉီးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူးနည်းပြသင်တန်းဖွင့်ပွဲကျင်းပ 

၂၀၂၄ ခုနှစ် ၊ လူဉီးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူးနည်းပြသင်တန်းဖွင့်ပွဲကျင်းပ

 

တောင်ကြီး ၊ ဩဂုတ် ၁၉

 

၂၀၂၄ ခုနှစ် ၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူး နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre – Taunggyi)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၊ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် က သန်းခေါင်စာရင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများနှင့်မူဝါဒချမှတ်ရေးအတွက် အရေးကြီးသည့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက် များရရှိနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရှမ်းပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်သည့်နေရာဒေသများတွင် မထပ်မကျန်ကောက်ယူ သွားမည်ဖြစ်ကြောင်း ၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်၏အနာဂတ်စီမံချက်များအတွက် အထောက်အကူဖြစ်စေရုံသာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှင့်နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အဓိကကျကြောင်း ပြောကြားသည်။

ထို့နောက် အထူးနည်းပြသင်တန်းသို့ တက်ရောက်ကြမည့် စာရင်းစစ် သင်တန်းသား၊သင်တန်းသူ များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီး က သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

၂၀၂၄ ခုနှစ် ၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူး နည်းပြသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ (၁၈)ဦး ၊ပညာရေးဝန်ကြီးဌာနမှ (၂၄)ဦး စုစုပေါင်းစာရင်းစစ် သင်တန်းသား၊ သင်တန်း သူ(၄၂)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ၏ ဩဂုတ်လ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊သင်တန်းနည်းပြဆရာများ၊သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။