အားကစားနှင့် ကာယသိပ္ပံ(တောင်ကြီး)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
တောင်ကြီး၊ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန တို့ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီခွဲက အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ဆရာမကြီး
ဒေါ်စိုးစိုးမြာ က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက ကျောင်းသား/ကျောင်းသူ များကို စာပေဗဟုသုတ ကြွယ်ဝစေရန်အတွက် “စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာပေလေ့လာဖတ်ရှု့နိုင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
