တောင်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.လ.က (၁၁) (တောင်ကြီး)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို သြဂုတ်လ ၂၈ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပောာပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလှုပ်ရှားမှုအဖြစ် သမိုင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ဉာဏပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ဉာဏ်စမ်းပြိုင်ပွဲ၊ အင်္ဂလိပ်စာ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံးဆက်ဉာဏ်စမ်းပြိုင်ပွဲ၊ မြန်မာစကားထာဉာဏ်စမ်းပြိုင်ပွဲ စသည့် ပြိုင်ပွဲကျင်းပရာ တောင်ကြီးမြို့ အ.လ.က (၁၁) မှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။