လူထုအခြေပြုဗဟိုဌာန Community Centre Taunggyi တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက
ကြီးမှူး ဖွင့်လှစ်သည့် လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်
တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး) ရှိ
ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးအောင်ကြည်ဝင်း က အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်း
ကလေးအလုပ်သမား ပပျောက်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး
လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
ရှမ်းပြည်နယ်အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုမိတ်ဖက်
အဖွဲ့အစည်းများအားလုံးမဖြစ်မနေ ပူးပေါင်းပါဝင်မှသာအနာဂတ်ပုံ ရိပ်ကောင်းမွန်မည်
ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ
အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီက
ရှမ်းပြည်နယ်အစိုးရ၏ရန်ပုံငွေအထောက်အပံ့နှင့် ကလေးအလုပ်သမားပပျောက်ရေး
ပထမငါးနှစ်လုပ်ငန်းစီမံချက် ၂၀၁၉ – ၂၀၂၃ ကာလအတွင်း သက်မွေးသင်တန်း (၃၀)က
သင်တန်းသား၊ သင်တန်းသူ (၆၅၇)ဦးတို့ကို အလုပ်အကိုင်အခွင့်အလမ်းများ
ရှာဖွေဖန်တီးပေးနိုင်ခဲ့ကြောင်းပြော ကြား သည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက
လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းမှသင်တန်းသား၊
သင်တန်းသူများကိုလည်းကောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊

ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တန်ဖိုးမြှင့်
စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသား၊ သင်တန်းသူများအားလည်းကောင်း
သင်တန်း ဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်း (၂)မျိုးကို ရှမ်းပြည်နယ်
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု
လုပ်ငန်းဦးစီးဌာနနှင့် ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက်တို့မှပူးပေါင်း၍
သင်တန်းတစ်ခုလျှင် သင် တန်းသား (၃၀)ဦးစီဖြင့် ၁၀-၁၀-၂၀၂၄ ရက်နေ့မှ ၁၆-၁၀-
၂၀၂၄ ရက်နေ့အထိ (၇)ရက် သင်ကြား ပေးခဲ့ပြီး ၎င်းသင်တန်းများသို့
ရှမ်းပြည်နယ်အတွင်းအကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသည့် အသက်
၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ ကလေးများမိမိဘဝရပ်တည်ရေး၊ မိသားစု
ဝင်ငွေတိုးတက်စေရေးနှင့် အန္တရာယ်ရှိသောအလုပ်အကိုင်များမှာ ကလေးအလုပ်
သမားပပျောက် စေရေးဆိုသည့် ရည်ရွယ်ချက်တို့ဖြင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့်
၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် အတွင်း သက်မွေးသင်တန်း(၈)မျိုးအား
ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း သိရသည်။