ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကျင်းပ တောင်ကြီး မေ-၁၂ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်၊ ကိုရီယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲကို မေလ(၁၂)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လူထုအခြေပြုဗဟိုဌာန (Community Centre…