လူငယ်စကားဝိုင်း
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွှဲ ၁း၃၀ အချိန်က တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးညွှန့်ရွှေက လူငယ်စကားဝိုင်းကျင်းပရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပါသည်။ဆက်လက်၍ လူမှုရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းဆွေးနွေးမည့်ကျောင်းသားကျောင်းသူများနှင့် စေ့စပ်ညှိနှိုင်းရေးမှူးတို့ကို…