တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ပုံစာအကျဉ်းပေးပို့ခြင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အင်္ဂလိပ်စာ(4 skill)ကို တတ်ကျွမ်း နားလည်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ သင်တန်းခန်းမတွင် ဩဂုတ် ၆ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တောင်ကြီးခရိုင် ဦးစီးမှူး…