တောင်ကြီး ဧပြီ-၁၀ မြန်မာနိုင်ငံတဝန်းရှိစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲကို ဧပြီ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။ လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်တစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံသားတစ်ဦးချင်းစီ၏ အရည်အသွေးပြည့်ဝရန်အဓိကလိုအပ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာ ဖွံ့ဖြိုတိုးတက်ရန်အတွက် နေ့စဥ်အစာအဟာရကိုမှီဝဲကြရသလို စိတ်ပိုင်းဆိုင်ရာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေရန် အတွက်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စေရန် စာပေအဟာရကလည်း လိုအပ်ပါကြောင်း၊ စာပေမြင့်လျှင် လူမျိုးတင့်သည်ဆိုသည့်စကားအတိုင်း စာပေမြင့်သောနိုင်ငံတိုင်း…