ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမ တွင် စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မေ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ရွှေရွှေမြင့် က စာဖတ်ဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) မှ စာပေပညာရှင်၊ ဝါသနာရှင်များက စာရေးဆရာမ ငွေခြည်လင်းလက်(မြန်မာစာ)၏ အတွေးစာစီကဗျာပန်းချီ စာအုပ်တွင်ပါရှိသော အတွေးရသ၊ သုတ ကဗျာများကို ဖတ်ကြားဆွေးနွေးကြသည်။


