ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)၊ ဘက်စုံသုံးခန်းမတွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က အဖွင့်အမှာစကားပြောကြားပြီး ကလေးအလုပ်သမားပပျောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍၎င်း၊ ရှမ်းပြည်နယ်လူမှုဖူလုံရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအား၎င်း၊ ရှမ်းပြည်နယ်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ…