ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)၊ ဘက်စုံသုံးခန်းမတွင် ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က အဖွင့်အမှာစကားပြောကြားပြီး ကလေးအလုပ်သမားပပျောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍၎င်း၊ ရှမ်းပြည်နယ်လူမှုဖူလုံရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအား၎င်း၊ ရှမ်းပြည်နယ်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုဆွေက အလုပ်သမားရေးရာဥပဒေများအား၎င်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်က အလုပ်သမားရေးရာဥပဒေများအား၎င်း အသီးသီး အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။