ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ အသိပညာပေးဟောပြောပွဲကျင်းပ
တောင်ကြီး ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်နေသည့်သင်တန်းသို့ အသိပညာပေးဟောပြောကို ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင်အမှတ်(၁၅)လူကုန်ကူးမှုတားဆီနှိမ်နင်းရေးရဲတပ်ဖွဲ့စု (တောင်ကြီး) ရဲမှူး မျိုးဇင်က လူကုန်ကူးမှုဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၂၅)မူးယစ်တပ်ဖွဲ့စု(တောင်ကြီး)ရဲအုပ် သိန်းတင်ဦးက မူးယစ်ဆေးဝါအန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူများ၊ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးမှ သင်တန်းသား၊သင်တန်းသူ ၉၆ ဦးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။



