လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သည့် လူငယ်စကားဝိုင်းကျင်းပ

တောင်ကြီး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)လူငယ်များအသိပညာဗဟုသုတတိုးပွားရေး၊ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သည့် လူငယ်စကားဝိုင်းကို ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၃)အ‌ခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏
ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်မည့်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာဦးနှင့် ပါဝင်ဆွေးနွေးကြမည့်သူများက တစ်ဦးချင်းမိတ်ဆက်ပြီး လူငယ်စကားဝိုင်းကို စတင်ရာ Grade-10(A)မှ မသီရိမိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A)မှ မောင်ခန့်ဘုန်းကျော်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A)မောင်ကောင်းခန့်ကိုက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-10(A)မှ မခေတ်ခေတ်သျှမ်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9(A)မှ မကြည်နူးခွန်းချိုသင်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A)မှ မောင်ဘုန်းမြတ်သူက လူငယ်နှင့်ကလေးအလုပ်သမားခေါင်းစဉ်ဖြင့်အသီးသီးဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားလူငယ်များက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများ Grade-10၊ Grade-11 ကျောင်းသား ၁၀၀ ဦး၊ ကျောင်းသူ ၁၅၀ ဦးနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရှိရသည်။